International News

ပြည်ပနိုင်ငံများမှ ပြန်ရောက်လာမည့် Covid-19 ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှုခံရမည့်သူများအတွက် ဟိုတယ်အခန်းငှားရမ်းခများ လျှော့ချထားခြင်း

Last Updated:

ဟောင်ကောင်ဒေသရှိ ဟိုတယ်အချို့မှာ ပြည်ပနိုင်ငံများမှ ပြန်ရောက်လာမည့်သူများ အတွက် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ (Covid-19) ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ကန့်သတ် စောင့်ကြည့်ရန်အတွက် package စီစဉ်ထားကြောင်း၊ Covid-19 ကြောင့်ခရီးသွားများလာ‌ရောက်မှုများကန့်သတ်ခြင်းနှင့် ဒေသများအကြား သွားလာမှုများပိတ်ထားသောကြောင့် ဟိုတယ်ငှားရမ်းရသည့် နှုန်းမှာလျော့ကျကြောင်း၊ဟိုတယ်ငှားရမ်းရသည့်နှုန်းမှာ ဇန်နဝါရီလတွင် (၅၆.၂) ရာခိုင်နှုန်းနှင့် မတ်လ တွင် (၂၂.၈) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ ၁၉-၃-၂၀၂၀ ရက်နေ့မှ စတင်၍ ဟောင်ကောင်ဒေသသို့ နိုင်ငံတကာမှ ဝင်ရောက်လာသူများအား နေအိမ်တွင်း (သို့မဟုတ်) သတ်မှတ်ထားသည့် စောင့်ကြပ်ကြည့်ရှုသည့် နေရာများ၌ (၁၄) ရက်ကြာ ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မည်ဖြစ်ကြောင်း၊ ခရီးသွားရာမှ ပြန်လာသူ များနှင့်ကေျာင်းသားများအတွက် ဟိုတယ်ငှားရမ်းခအား package ဖြင့် စီစဉ်ထားကြောင်း၊ အဆိုပါအစီအစဉ်တွင် သာမာန်ဈေးနှုန်းထက် တစ်ဝက်ခန့် လျော့နည်းကြောင်း၊ ဟောင်ကောင်ဒေသသို့ ပြန်လာမည့်သူများပြားသောကြောင့် ဟိုတယ်များအနေဖြင့် အခန်းငှားရမ်းခ အထူးအစီအစဉ်များ ဆောင်ရွက်ရန် မလိုအပ်ကြောင်း ဟောင်ကောင်ဟိုတယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ဥက္ကဌက ပြောကြားကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာမည့်ကျောင်းသားများမှာ ဟိုတယ်များတွင် နေထိုင်ရန် ရွေးချယ်ကြမည်ဖြစ်ကြောင်း၊ ယခုအခါ ဟောင်ကောင်တွင် နိုင်ငံခြားခရီးသွားများ လာရောက်မှုအား ကန့်သတ်ထားသော ကြောင့် တရုတ်ပြည်မကြီးမှ ခရီးသွားများ လာရောက်မှုရှိမည် မဟုတ်ကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်ရောက်လာသူများ ဟိုတယ်များတွင် ငှားရမ်းနေထိုင်သောကြောင့် ဟိုတယ်ငှားရမ်းရသည့် နှုန်း မှာ (၃၀) ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း၊ စောင့်ကြည့်ကာလပြီးဆုံး၍ ကျောင်းသားများ ပြန်သွားလျှင် ဟိုတယ်များ၏ငှားရမ်းနှုန်းများ လျော့ကျသွားမည် ဖြစ်ကြောင်း၊ စောင့်ကြည့်ကာလ အတွင်း ကာလတိုအနေဖြင့် ဟိုတယ်လုပ်ငန်းများအတွက် လုပ်ငန်းဆောင်ရွက်မှုကောင်းမွန်နေ မည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံရှိ Park Hotel Group ၏ဟိုတယ်များသည်လည်း (၂) ပတ်စာ ငှားရမ်းခနှုန်း package ဖြင့် စီစဉ်ထားရှိကြောင်း၊ ဩစတြေးလျနိုင်ငံတွင် Novotel Sydney Brighton Beach တွင် (၁၄) ရက်ကြာ ထိန်းချုပ်ကန့်သတ်စောင့်ကြည့်ရန် စီစဉ်ထားပြီး (၁၄) ရက်နှင့်အထက် နေထိုင်မည့်သူများအတွက် (၄၀) ရာခိုင်နှုန်း ဈေးလျော့ပေးထား ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Martin Choi က “ Hotels slash prices for quarantine guests” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News